သွေးဆုံးချိန်မှာ ဘာကြောင့် အားဆေး သောက်ပေးသင့်တာလဲ
သွေးဆုံးချိန်မှာ အားဆေး တစ်ခုခုတော့ သောက်ဖို့ တိုက်တွန်းချင်ပါတယ်။ အကြောင်းကတော့ သွေးဆုံးချိန် နီးလာချိန် နီးလာပြီဆိုရင် ကိုယ်တွင်းမှာ ဟော်မုန်းတွေ ကျဆင်းလာပါပြီ။ ဒီလို အခြေအနေမှာ ကျန်းမာနေစေဖို့ဆိုရင် ဗီတာမင်တွေကို ဖြည့်စွက်ဖို့ လိုအပ်မှာပါ။
အမျိုးသမီး အများစုက အသက် ၃၀ ကနေ ၄၀ ဝန်းကျင် ရောက်လာပြီဆိုရင် ကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းတွေနဲ့ ပရိုဂျင်စတုန်း ဟော်မုန်းတွေ စတင် ကျဆင်းလာပါတယ်။ ရာသီသေးဆင်းတာ ရပ်တော့မယ်ဆိုရင်ဖြစ်ဖြစ် မျိုးဥအိမ်က သားဥတွေကို ထပ်မထုတ်တော့ရင် ဖြစ်ဖြစ် ဒီကာလကို သွေးဆုံးအကြိုလက္ခဏာတွေကို ခံစားရမှာပါ။ ဒီလို ၁ နှစ်တာ ကာလကို ကျော်ဖြတ်ပြီးပြီဆိုရင် သွေးဆုံးကာလ စတင်တော့မှာ ဖြစ်ပါတယ်။
အချို့အခြေအနေတွေမှာ ရာသီသွေးဆုံးတာက စောပြီးလည်း ဖြစ်နိုင်ပါတယ်။ ခွဲစိတ်ဖယ်ရှားတာ၊ ဆေးကုသမှု ခံယူတာ နဲ့ အချို့သော ကျန်းမာရေး အခြေအနေတွေကလည်း ပုံမှန်ထက် စောပြီး သွေးဆုံးတာကို ဖြစ်စေနိုင်ပါတယ်။
သွေးဆုံးတာက ရောဂါတစ်ခု မဟုတ်သလို နာမကျန်းမှု တစ်ခုတော့လည်း မဟုတ်ပါဘူး။ ကိုယ်တွင်းက ဟော်မုန်းပမာဏ ကျဆင်းလာတာပါ။ ဒီကာလမှာ ပူစပ်ပူလောင် ဖြစ်တာ၊ အိပ်မပျော်တာ၊ ညဘက်ချွေးစေးတွေ ပြန်တာ၊ မိန်းမကိုယ် ခြောက်သွေ့တာ၊ စိတ်အတက်အကျ မြန်တာတွေကို ခံစားရနိုင်ပါတယ်။
ဒီအခြေအနေကို သက်သာစေဖို့အတွက် ဟော်မုန်းကုထုံးကို ခံယူလို့ ရပေမယ့် လူတိုင်းနဲ့တော့ မသင့်တော်ပါဘူး။ ဒီတော့ အကောင်းဆုံးနည်းလမ်းကို အကြံပြုရမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ၊ လေ့ကျင့်ခန်း မှန်မှန် လုပ်တာပါ။ ဗီတာမင်တွေလည်း ဖြည့်ဆည်းပေးဖို့ လိုတာပေါ့။
ဒါကြောင့် သွေးဆုံးချိန်မှာ အာဟာရမျှတအောင် စားသုံးပေးဖို့အပြင် အားဆေးတစ်ခုခုကို ပါသောက်ဖို့ လိုပါမယ်။ အားဆေးသောက်တဲ့အခါ ဗီတာမင် အီး၊ ဗီတာမင် ဒီ၊ ဗီတာမင် စီ၊ ဗီတာမင် ဘီအုပ်စု၊ ဗီတာမင် အေ စတာတွေ စုံလင်စွာ ပါဝင်အောင် ဂရုစိုက်ဖို့ လိုပါမယ်။
ဒီဗီတာမင်တွေကို အစာအစာ အမျိုးမျိုးကနေ ရနိုင်ပေမယ့် ပြည့်ဝလုံလောက်ဖို့ဆိုရင်တော့ အားဆေးသောက်တာက အကောင်းဆုံးပါ။ သွေးဆုံးချိန်မှာ အားဆေး သောက်ပေးတာက ခန္ဓာကိုယ်ကို ဖရီးရက်ဒီကယ်တွေကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးသလို ဇီဝဖြစ်စဉ်တွေ ကောင်းမွန်စေပြီး နေ့စဉ် ထိတွေ့နေတဲ့ ညစ်ညမ်းမှုတွေကြောင့် ထိခိုက်မှု နည်းစေဖို့ လုပ်ဆောင်ပေးပါတယ်။ သွေးဆုံးချိန်မှာ တွေ့ကြုံရတဲ့ ပြောင်းလဲမှုတွေကို အကောင်းဆုံး ကျော်လွှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။
ဟော်မုန်းပြောင်းလဲမှုကြောင့် ခံစားရနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ကျော်လွှားဖို့ နဲ့ သွေးဆုံးပြီးချိန် ကြွက်သားဆုံးရှုံးတာ၊ အရိုးပါးတာ၊ အရိုးပွတာတွေကို လျော့ပါးစေဖို့လည်း အားဆေး သောက်ပေးသင့်ပါတယ်။
သွေးဆုံးချိန် အတွင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ နှလုံးကျန်းမာရေး အားနည်းလာတာနဲ့ လေဖြတ်တာ၊ dementia စတဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချဖို့လည်း အားဆေးကို လိုအပ်ပါတယ်။
နောက်ဆုံး တစ်ချက်အနေနဲ့ကတော့ ကော်လာဂျင် ထုတ်လုပ်နိုင်စွမ်း ကျဆင်းလာတာကြောင့် ခံစားရနိုင်တဲ့ အရေပြားပြဿနာတွေကို ကာကွယ်ဖို့အတွက်လည်း သွေးဆုံးချိန်မှာ အာဟာရပြည့်ဝမျှတအောင် စားသုံးတာအပြင် အားဆေးတစ်မျိုးမျိုးကိုပါ မှီဝဲဖို့ လိုအပ်ရတာပါ။
ကိုယ်ခံအား ကောင်းစေဖို့နဲ့ သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကောင်းကောင်းမွန်မွန် ကျော်လွှားနိုင်စေဖို့အတွက် သွေးဆုံးချိန်မှာ အားဆေးတစ်မျိုးမျိုး သောက်ဖြစ်အောင် သောက်ပေးဖို့ လိုပါမယ်။
မွန်မွန်